
တွေးတောခြင်း (အတွေးအခေါ်) ဟာ ကျနော်တို့ရင်ဆိုင်ရတဲ့ ပြဿနာ ပုစ္ဆာတွေကို ဖြေရှင်းပေးနိုင်ပါသလား။
ရှုပ်ထွေးခက်ခဲမှုတွေ မှလွတ်မြောက်နိုင်ဖို့အတွက် ကျနော်တို့ဟာအသိဥာဏ်ကို မှီခိုအားထားခဲ့ကြတယ်။ တစ်ဖြည်း
ဖြည်း များပြားလာတဲ့ ကောက်ကျစ်လှည့်ဖြားမှုတွေ အကျည်းတန်မှုတွေ ၊ ဖော်ပြဖို့ခက်ခဲတဲ့ အရာတွေကြားမှာ၊
ကွဲပြားလှတဲ့စနစ်တွေ သီအိုရီတွေ အယူအဆတွေ ကလည်း အပြိုင်နေရာယူလာ ကြပြန်တယ်။
အမှန်တော့ တွေးတောခြင်းဟာ ပြဿနာတွေကိုမဖြေရှင်းနိုင်ပါဘူး ။ အတွေးအခေါ် အယူအဆတွေ ဟာ ကျနော်တို့ ရင်ဆိုင်ရတဲ့လူသားပြဿနာအရှုပ်ထုပ်တွေကို မလျော့ပါးစေနိုင်ပါဘူး။ တွေးတော စိတ်ဟာ အဖြေ တစ်ခုမဟုတ်ပါဘူး။
ဒါပေမယ့် တွေးတောခြင်းဖြစ်စဉ် ကို ပထမဆုံး နားလည်ဖို့တော့လိုမယ် ။ တစ်ဖက်ကိုဆက်မျှော်ကြည့် ဖို့အတွက်ပေါ့ ။
ဒါမှလည်း ကျနော်တို့ အခက်အခဲတွေ ပြဿနာတွေကို ကူညီဖြေရှင်းဖို့ နည်းလမ်းရှာတွေ့နိုင်မယ်လေ ။ ကျနော့် အမြင်
မှာပေါ့။
တွေးတောခြင်းဟာ တုံ့ပြန်မှု(ပြန်လှန်သက်ရောက်မှု) တစ်ခုပါပဲ ။ ဥပမာပေးရရင် - မေးခွန်းတစ်ခုကို ဖြေဆိုသူတစ်
ယောက်ဟာ သူရဲ့မှတ်ဥာဏ် ၊အစွဲ ၊ရာသီဥတု ၊နောက်ကြောင်းရာဇ၀င် အခြေအနေတွေကိုမူတည်ပြီး အဖြေတစ်ခုကို
တုံ့ပြန်ပေးမှာပါ။ နောက်ခံကျောရိုး ပြတ်သားမှုမရှိသေးသမျှ ၊ သူရဲ့ တွေးတောခြင်းဖြစ်စဉ်ဟာ ရှည်ကြာနေမှာပါပဲ။ ကျနော်တို့ရဲ့နေ့စဉ်ဘ၀တွေမှာ တစ်ခါတစ်ရံ ပြဿနာတစ်ခုကို ပိုမိုစဉ်းစားလေလေ ၊ ရှုပ်ထွေးမှုတွေ ချီတုံချတုံဖြစ်
မှုတွေ မသေချာမှုတွေ ပိုမိုများပြားလာတာကို တွေ့ရတတ်ပါတယ်။ စဉ်းစားတွေးတောမှုတိုင်းဟာ ပြဿနာတစ်ခုကို
အပြည့်အစုံ ပုံဖော်မပေးနိုင်လို့ပါဘဲ။ ရှုထောင့်အမြင်ရဲ့ တစ်စိတ်တစ်ပိုင်းအတွက်ကိုသာ အဖြေထုတ်ပေးနိုင်ပါတယ် ။ မပြည့်စုံတဲ့အဖြေတစ်ခု အတွက် ဖြေရှင်းချက်တစ်ခု ဖြစ်မလာနိုင်ပါဘူး။
ပြဿနာတွေ ကိုနားလည်သဘောပေါက်နိုင်ဖို့ ကျနော်တို့အတွက် ငြိမ်သက်တဲ့စိတ် ရှိဖို့လိုမယ်။ တည်ငြိမ်အေးဆေး
တဲ့ စိတ်တစ်ခုနဲ့သာ ပြဿနာတစ်ခုကို အကောင်းဆုံးလက်ခံနားလည်နိုင်မှာပါ။ အာရုံပြောင်းစေတဲ့ အတွေးအခေါ်အယူ
အဆတွေ သီအိုရီတွေ ၀င်ရောက်မစွက်ဖက်လာဖို့အဓိကကျ လိုအပ်တယ်။ ဒါဟာလည်းကျနော်တို့အတွက် အခက်ခဲဆုံး
ပါပဲ ။ကံအကြောင်းမလှစွာနဲ့ ကျနော်တို့တွေဟာ တွေးတောခြင်း ကို ပတ်သက်နေရတယ်။ တွေးတောမှုမရှိဘဲတည်ရှိနေ
ဖို့ဆိုတာ မဖြစ်နိုင်တာဘဲလေ။ ကန့်သတ်ထားမှု စွက်ဖက်မှုဆိုတဲ့ တွေးတောခြင်းတွေ ကို နည်းအောင်ထားပြီး အရိုးရှင်း
ဆုံး စိတ်နဲ့ပြဿနာတစ်ခု ကို တိုက်ရိုက် ပွင့်လင်းစွာ ဖြေရှင်းကြည့်ပါ။ ဒီကူးပြောင်းတဲ့အခြေအနေတစ်ခုမှာ စိတ်ဟာ
ချစ်ခြင်းမေတ္တာနဲ့ သိမ်မွေ့ငြိမ်သက်နေပါလိမ့်မယ် ။ ယုံကြည်ပါတယ်။ ချစ်ခြင်းမေတ္တာတစ်ခုတည်းသာ ကျနော်တို့ရဲ့ လူသားပြဿနာပေါင်း များစွာကို ကောင်းစွာဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ ။
Sunday, August 16, 2009
ON THINKING AND PROBLEMS
Sunday, June 21, 2009
THE CHANGE

ဘ၀တစ်လျှောက် များပြားလွန်းလှတဲ့ ပြောင်းလဲခြင်း အမျိုးမျိုးကို လူတိုင်းလိုလို တွေ့ကြုံဖြတ်သန်းဖူးကြမှာပါ ၊၊
ကျွန်တော် ကိုယ်တိုင်လည်းအပါအ၀င် ပါ၊၊ ပြောင်းလဲခြင်း တစ်ချို့အတွက်ဆို ကိုယ်တိုင် မောင်းနှင်ခဲ့ပါသေးတယ် ၊၊
ပြောင်းလဲခြင်း တိုင်းကို ကျွန်တော်မလိုချင်ခဲ့ပါဘူး၊၊ မနှစ်မြို့ခဲ့ပါဘူး ၊၊ ကျွန်တော့်ဘ၀မှာ တစ်ချို့ ပြောင်းလဲခြင်းတွေ
ဟာ ကျွန်တော့်ကို မျက်ရည်ဝဲစေတယ် ။ နှလုံးသားကိုနာကျင်စေပါတယ် ။ စိတ်ဝိညာဉ်မှာ မေးခွန်းများစွာ အဖြစ်နဲ့
အမာရွတ် ထင်ကျန်စေပါတယ် ။ ရှိပါသေးတယ် ။ တစ်ချို့သော ပြောင်းလဲခြင်းတွေကတော့ ကျွန်တော့်ကို ပျော်ရွှင်
ဝမ်းမြောက်စေတယ် ။ တစိမ်စိမ့်တွေးပြီး ပီတိဖြစ်စေတယ် ။ကျေနပ်အားရစရာ ကောင်းလောက်အောင် ခန်းနားကြီး
ကြယ်မှုမျိုးတွေလည်း ပေးပြန်ပါသေးတယ် ။
ဘ၀မှာ တွေ့ကြုံလာရတဲ့ ပြောင်းလဲမှုတိုင်းကို ခံနိုင်ရည်ရှိရှိ လက်ခံကျော်ဖြတ်နိုင်ဖို့ ဆိုတာ ထင်သလောက်မလွယ်
ကူလှပါဘူး ၊၊ မျှော်လင့်မထားတဲ့ ပြောင်းလဲခြင်းမျိုးအတွက် အကျိုးဆက်အဖြစ်နဲ့ အတွေးတွေ ၊ ခံစားမှုတွေ ၊လုပ်ဆောင်
ချက်တွေ အပေါ်မှာပါ ထိခိုက်နာကျင် သက်ရောက်စေပါတယ် ။ ပြောင်းလဲခြင်း ဖြစ်ရပ်တစ်ခုစီတိုင်းဟာ ကိုင်တွယ်ဖြေရှင်းရ
နားလည္ရခက္တဲ့ ပုစ ၦာတစ္ပုဒ္စီ တြက္ရသလိုပါပဲ ။ စိတ်ဖိစီးမှုတွေ ၊ တွန်းအားပေးမှုတွေကို လည်း ပေးပြန်ပါသေးတယ် ။ စိမ်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘ၀ကြီးထဲမှာ ပြောင်းလဲခြင်းတွေ ဆိုတာအမြဲရှိနေမှာပါ။ ပြောင်းလဲမှု အကြောင်းအရာ
တွေအတွက် ဖိအားပေးခံရတာ များလာတဲ့အခါ လက်မခံနိုင်ဘဲ ပြင်းပြင်းထန်ထန် ကန့်ကွက်လာတတ်ကြတယ် ။ ရှေ့မှာ
အသင့် ကြိုစောင့်နေမယ့် ဖြစ်နိုင်ချေ ဖြစ်တန်ချေတွေ အပေါ် စိတ်လှုပ်ရှားတတ်လာကြတယ် ။သက်ရောက်လာမယ့် အကျိုးအကြောင်းတွေ အပေါ်ကြိုတင်တွက်ချက်လာကြတယ် ။တွေဝေတွန့်ဆုတ်မိ ကြပြန်ပါသေးတယ် ။ ဒါတွေအားလုံး
ကတော့ ကိုယ်ပိုင်အတွေးအခေါ် နဲ့စိတ်အမြင် လက်ခံမှုအပေါ်မှာ အဓိက ကျ မူတည် နေမှာပါ ။
အမှန်စင်စစ် ပြောင်းလဲခြင်း အရာတွေဟာ ကျွန်တော်တို့ အပေါ် နေ့စဉ်သက်ရောက်ဖြစ်ပျက်နေတာပါ။ ဒီအတွက်လည်း
ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ ပြောင်းလဲပေးနေကြရတယ် ။ အခြေအနေ နဲ့ အကြောင်းအရာပေါ်မူတည်ပြီး သေးငယ်တဲ့ ပြောင်းလဲခြင်းတွေကိုလည်း လက်ခံနေကြရပြန်တယ် ။ ဘ၀ညီမျှခြင်းတွေထဲ အသစ်အသစ်တွေ တိုးဝင်လာကြတယ် ။
ဘာပဲဖြစ်ဖြစ်လေ ပြောင်းလဲခြင်းတွေဟာ ကျွန်တော့် ဘ၀ညီမျှခြင်းတွေအတွက်တော့ မပြောင်းလဲနိုင်မယ့် ကိန်းသေတွေပါပဲ။ တစ်ခါတစ်ရံမှာ ဒီကိန်းသေတွေနဲ့ ဘ၀ညီမျှခြင်းတွေညီအောင် ညှိတတ်ဖို့ ၊ လက်ခံထိန်းသိမ်းထားတတ်ဖို့ အတွက်တော့
အသေအချာ ဂရုစိုက်ဖို့လိုအပ်မယ်။ ။
Sunday, May 10, 2009
INTOXICATION

လောကသဘာဝကြီးထဲမှာ ကျွန်တော်တို့ကို ယစ်မူးစေတတ်တဲ့ အရာပေါင်းများစွာ ရှိနေပါတယ်၊၊ ဒါပေမယ့် ထိုအရာ
ပေါင်း များစွာက ကျွန်တော့်တို့ လက်ရှိဘ၀ထက် ပိုမိုသာလွန်ပြီး ယစ်မူးစေနိုင်ခြင်း မရှိပါဘူး ၊၊ မနေ့က ဖြစ်ပျက်ခဲ့တဲ့
ကျွန်တော်တို့ရဲ့ ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း ၊ချမ်းသာခြင်း ဆင်းရဲခြင်းအစရှိတဲ့အရာအားလုံးဟာ တကယ်တော့အိပ်မက်
တစ်ခုလို ကျန်ရစ်စမြဲပါပဲ ၊၊ ကျွန်တော်အတွက်တော့ ဒီနေ့ အခြေအနေ အကြောင်းအရာတွေအပေါ်မူတည်ပြီးမှသာ
လက်ခံ ရေတွက်ခြင်းတွေကို ပြုနိုင်မှာပါ ၊၊ နှိုင်းယှဉ်မှုရလာဒ်တစ်ခု အနေနဲ့ ကျွန်တော်တို့ဘ၀ရဲ့ ယစ်မူးစေခြင်း ဆိုတဲ့အမှန်တရား တွေကို တွေ့နိုင်ပါတယ်၊၊
ဘ၀ရဲ့ အဆက်မပြတ်ဖြစ်ပေါ်နေတဲ့ မြင့်တက်ခြင်း နိမ့်ကျခြင်းများဟာ တသွင်သွင်စီးဆင်းနေတဲ့ ရေအလျှင် လိုပါပဲ ၊၊
ဖြစ်ခြင်း ပျက်ခြင်းအရာတွေဟာ ကျွန်တော့်အတွက်တော့အလျင်ပြင်းတဲ့စိတ်လှိုင်း တစ်ခုလိုပါ ၊၊ ပုံတစ်ခုကို ထပ်တူကျ
အောင် ရေးဆွဲအပြီးသတ်နိုင်ခြင်းမပြုမှီ ၊ အခြားတစ်ခုအတွက် စဉ်းစားခွင့်မပေးဘဲပြုလုပ်ဖို့ သူတို့တွေစေခိုင်းပါတော့တယ်၊၊
သူတို့(စိတ်အလျင်လှိုင်း)တွေဟာ တစ်ခါတစ်ရံ ခွန်အားအပြည့် ၊ ယုံကြည်မှုအပြည့်အ၀နဲ့ ကာလကြာရှည် စွာစေခိုင်းတတ်
သလို ၊ တစ်ခါတစ်လေမှာတော့ တစ်ရက် နှစ်ရက်သာရှည်ကြာပြီး လက်ရှိလုပ်နေတဲ့ အရာအားလုံးကို ဖျက်ဆီးမေ့ပျောက် စေပြန်ပါသေးတယ်၊၊ များပြားလှတဲ့ ဒီစိတ်အလျင် လှိုင်းတွေဟာ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်တဲ့နည်းတွေနဲ့ ကျွန်တော်ရဲ့
သိစိတ် မသိစိတ်အာရုံတွေကိုပါ ကျင့်သားရအောင်၊ ယှဉ်ပါးအောင် ပြုမူလုပ်ဆောင်ပါတော့တယ်၊၊ အဆိုးဆုံး မူးယစ်ဆေးဝါး
တွေထက် ကျွန်တော့်ကို တဖြည်းဖြည်းနဲ့တွယ်ကပ်ငြိလာအောင် ဖြားယောင်း ပါတော့တယ်၊၊
ဒီ မကောင်းဆိုးဝါး စိတ်လှိုင်းတစ်ချို့ကို ကိုင်ဆောင်စဉ်းစား ထိန်းသိမ်းထားသမျှ ကာလပတ်လုံး အဆုံးမဲ့ ယစ်မူးခြင်း
အရာအားလုံးဟာ ကျွန်တော့်ကိုယ်ထဲ သွေးထဲမှာ ၀င်ရောက်စီးဆင်းနေမှာပါ ၊၊ ဘယ်သူမှလည်း ကယ်တင်ကုသ
တည့်မတ် ပေးနိုင်စွမ်းရှိမယ်လို့မထင်မိဘူး ၊၊ စိတ်ဝင်စားတဲ့အကြောင်းအရာ တစ်ခုကို အိမ်မက်ထဲ တွေ့နေခိုက်မှာ တစ်စုံတစ်ယောက်က လာနှိုးလည်း အိပ်မက်ကို အဆုံးထိ စုံမက်ပြီး ဆက်မက်နေချင်မိသလိုပါပဲ၊၊ ပြင်းရှရှ ၀ိုင်တစ်ခွက်
ရဲ့ ယစ်မူးခြင်းအရသာထက် ပိုပြီး နှစ်ခြိုက်နေမိ ပါတော့တယ် ၊၊
ဘ၀ရဲ့ကွဲပြားတဲ့ ရှုထောင့်အမြင်ပေါင်းများစွာနဲ့ ယစ်မူးခြင်းအရာပေါင်းများစွာကို ထင်ရှားပြတ်သားစွာ တွေ့မြင်နိုင်မှာပါ၊၊ တစ်ခါတစ်ရံမှာ ကျွန်တော့်ကိုယ်ပိုင်ဘ၀ဟာ ကျွန်တော့်အတွက် ကြောက်စရာ အကောင်းဆုံး ယစ်မူးစေတဲ့ အရာတစ်ခုပါပဲ ၊၊ ၊၊
Saturday, April 4, 2009
SEED
မနှစ်က ရေးခဲ့ဖူးတဲ့ ပို့စ်အဟောင်းတစ်ပုဒ်ပါ ၊၊ မရေးနိုင်ဘဲ ခြောက်ကပ်နေတဲ့ ကိုယ့်ဘလော့ဂ်မှာ ပြန်တင်လို့ရအောင်
ခင်ခင်မင်မင် tag ပေးထားတဲ့ ကိုရင် ၊ မခင်လေး တို့ကို ကျေးဇူးပါ ၊၊အားလုံးကို လည်း အမှတ်တရ ၊ သတိတရပါ ၊၊
ကျွန်တော် "သစ်စေ့" လေးရဲ့ဘ၀မှာ အကြီးကျယ်ဆုံး စိမ်ခေါ်မှုကတော့ မသိခြင်းဆိုတဲ့ ကောင်းကင် ၊ လေထု ၊
မိုးရေ နဲ့နေရောင်ခြည်တွေ ကြားမှာ ရှင်သန်ကြီးပြင်းဖို့ပါပဲ ၊၊ ရှေ့မှာ ဘာတွေဆက်ဖြစ်ဦးမယ်ဆိုတာကို ကျွန်တော်
ဘာမှမသိနိုင် သေးပါဘူး ၊၊
ကျွန်တော် "သစ်စေ့"လေးကို ဘယ်သူကမျှ အရေးတယူ လမ်းညွှန်မှုတွေမပေးခဲ့ပါဘူး ၊၊ ကျွန်တော် ဖတ်ရှူမှတ်သား
ဖို့ အတွက် တရားကျမ်းစာဆိုတဲ့ အရာတွေလည်း ဘာတစ်ခု မှမရှိခဲ့ပါဘူး ၊၊ ဘာပဲဖြစ်ဖြစ် ကျွန်တော် ပြင်ပကိုထိုးထွက်
နိုင်ဖို့အတွက် ရဲဝံ့တဲ့ စွန့်စားမှု တစ်ခုကို ပြုလုပ်ရမှာပါ ၊၊ ဒီစွန့်စားမှုဟာသေးငယ်တဲ့ သာမာန်အရာတစ်ခု မဟုတ်ဘူးနိုင်
ဆိုတာကို ကျွန်တော်ကောင်းကောင်း နားလည်သဘောပေါက်ထားပါတယ် ၊၊ တိတိကျကျ ပြောရရင် သေခြင်းတရားနဲ့
အလဲအလှယ် ရယူမှုတစ်ခုပါပဲ ၊၊ ကျွန်တော် "သစ်စေ့" လေး ဒီမြေကြီးအတွင်းမှာ သေဆုံးမှ အဖူးအညှောက်လေးတွေ ကတစ်ဖြည်းဖြည်း စတင်ကြီးထွားနိုင်မှာလေ ၊၊
ဒီသစ်စေ့ ၊ အဖူးအညှောက်လေးတွေမှ နှင်းဆီပန်း ၊ နေကြာပန်း ၊ ဒါမှမဟုတ် တစ်ခြားပန်း အမျိုးအစားတစ်ခုခုတော့
ဖြစ်လာမှာပါ ၊၊ပန်း နာမည်တွေဆိုတာက အရေးမကြီးပါဘူးလေ ၊၊ အဓိကကျတာ ပန်းပွင့်လာဖို့ပါပဲ ၊၊ တစ်ခါတစ်ရံမှာ ပန်းပွင့်ရိုင်းလေးတစ်ပွင့်ကလည်း အဖိုးတန်တဲ့ နှင်းဆီတစ်ပွင့်လိုပဲ လှတတ်တာပဲ မဟုတ်လား၊၊ အမှန်တော့သူတို့တွေ
အားလုံးဟာ ညီ အကိုအရင်းတွေပါပဲ ၊၊သူတို့တွေအားလုံး အတူတူ ဖူးပွင့်ပေးကြ ရတယ်၊၊ သူတို့ တွေအားလုံး အတူတူ
ကြီးထွား ပျော်ရွှင်ကြရတယ် ၊၊ သူတို့ အားလုံးမှာလည်း ကိုယ်ပိုင်မျက်စိတွေ ရှိကြတယ် ၊၊ နောက်ဆုံး သူတို့အားလုံးဟာ
ညီမျှတဲ့ စွန့်စားမှုတွေ ၊ စိမ်ခေါ်မှုတွေကို အတူတူ ရင်ဆိုင်ခဲ့ကြရတာပဲလေ ၊၊
အမှန်စင်စစ် ဒါဟာ သေဆုံးခြင်းနဲ့ ပြန်လည်မွေးဖွားခြင်းတစ်ခုပါ ၊၊ သေဆုံးသွားတဲ့ သစ်စေ့လေး တစ်စေ့မှ ပန်းပွင့်ပေါင်း
များစွာ၊ အသီးပေါင်းများစွာ ၊ အစေ့ငယ်ပေါင်းများ စွာကို ပြန်လည်မွေးဖွားပေးလိုက်တာပါပဲ ၊၊သစ်စေ့ငယ်လေးတစ်စေ့ဟာ
ကမ္ဘာမြေကြီး တစ်ခု လုံးကို စိမ်းလန်းအောင် ပြုလုပ်နိုင်စွမ်းရှိတယ် ဆိုတာကိုပြောပြနေသလိုပါပဲ ၊၊ သစ်စေ့လေးတစ်စေ့က ဖြစ်တည်လာမယ့် သစ်ပင်လေးတစ်ပင်ဟာ သစ်စေ့ငယ်လေး ထောင်ပေါင်းများစွာ ၊ ထိုသစ်စေ့လေးတစ်ခုစီ မှ နောက်ထပ်
နောက်ထပ် သစ်စေ့လေး ပေါင်း မြောက်မြားစွာကို လက်ဆင့်ကမ်းရင်းနဲ့ပေါ့လေ၊၊ ပြောမပြနိုင်လောက်အောင် အလွန်တရာ
ကြီးမားတဲ့ ဖန်တီးနိုင်စွမ်း၊ ဖြစ်နိုင်စွမ်းတွေ အားလုံးဟာ သေးငယ်လှတဲ့ သစ်စေ့ငယ်လေးတစ်စေ့ ကိုယ်စီမှာနေရှိပါတယ် ၊၊
သင်ဟာလည်း သက်ရှိ သစ်စေ့လေး တစ်စေ့ပါပဲ ၊၊ ဒါကို အမြဲအမှတ်ရနေဖို့လိုပါတယ် ၊၊ ၊၊
Post originally uploaded သစ်စေ့
Thursday, February 12, 2009
DESIRE

တစ်ခါတစ်ရံ မှာ သူဟာကျွန်တော့်အတွက် မိတ်ဆွေတစ်ယောက် ဖြစ်သလို ၊ တစ်ခါတစ်ရံ မှာ သူဟာ ကျွန်တော့် ရဲ့
ရန်သူ တစ်ယောက်လည်းဖြစ်နေပြန်ပါတယ် ၊၊ရှုပ်ထွေးငြီးငြူနေတဲ့ ကျွန်တော့်ရဲ့မနှစ်မြို့ဖွယ် အချိန်ကာလများမှာ သူဟာ ဆူပူသွေးထိုးလှုံ့ဆော်မှုတွေကိုပေးပြီး ၊ ကျွန်တော်ရဲ့သည်းခံနိုင်မှု အတိုင်းအတာ ကို လျော့နည်းအောင် ပြုမူပါတယ် ၊၊
သူဟာ ငြိမ်သက်နေတဲ့ အခြေအနေတစ်ရပ်ကို ပေါက်ကွဲပျက်စီးအောင် စေခိုင်းပါတယ်၊၊ ရလာဒ်အနေနဲ့ ထိခိုက်ဆုံးရှုံးမှု
ဒဏ်ရာတွေကို အဆုံးသတ်မှာ သူကိုယ်တိုင်ကပဲ ပြန်ခံစား ရပါတော့တယ် ၊၊
နားလည်လက်ခံယူဖို့ ခါးသီးလှတဲ့ အခြေအနေတစ်ရပ်ကို ၊ ချိုမြိန်လှတဲ့ နတ်သုဓာအဖြစ် ပြောင်းလည်းပစ်နိုင်ဖို့စည်းဝါးကိုက်
ညီချက် တစ်ခုတော့လိုအပ်ပါတယ် ၊၊ ရဲရင့်တည်ငြိမ်မှု ၊ခံနိုင်ရည်ရှိမှု ၊မျှော်လင့်ချက် အပေါင်းအဖော်တွေနဲ့အတူခါးသီးလှတဲ့ အခြေအနေတစ်ရပ်ကို တင်းထားနိုင်ပါတယ် ခုခံနိုင်ပါတယ် ၊၊ ပျော်ရွှင်ဖွယ်ရာ အချိန်ကာလများကို ဖြတ်သန်းရခိုက် မှာ ကျော်လွန်ကုန်မြောက်ဖို့ ကျွန်တော်တို့စိတ်မ၀င်စားခဲ့ပေမယ့် ၊လိုလားဖွယ်မကောင်းတဲ့ ဆန့်ကျင်ဘက် အချိန်ကာလများ
ကျော်လွန်ဖြတ်သန်းနိုင်ဖို့အတွက်တော့ ကျွန်တော်တို့ အမြဲစဉ်းစားနေတတ်ခဲ့ပါတယ်၊၊ အဆုံးတိုင်အောင် ကြာရှည်နေမှာ
ကိုလည်း တွေးထင်ပူပန်တတ်ခဲ့ပြန်ပါတယ်၊၊ ထိုအခိုက်အတန့်မှာတော့ စိုးရိမ် ပူပန်မှုတွေ ၊ သွေးထိုးလှုံ့ဆော်မှုတွေ ၊ ဖြစ်ချင်
လွတ်မြောက်ချင်တဲ့ အလိုဆန္ဒတွေအားလုံးက ကျွန်တော်တို့အားနည်းချက်ကို လိုအပ်သလိုခြယ်လှယ် စေခိုင်းပါတော့တယ် ၊၊
ကျွန်တော်တို့ကို အသက်ဝင်နိုးကြားအောင် ဖန်တီးပေးတဲ့ မျှော်လင့်ချက်ကိုပါ ဆုံးရှုံးအောင် တစ်ဖြည်းဖြည်း ၀ါးမြိုကိုက်စား ပစ်လာပါတော့တယ် ၊၊ ယုံကြည်မှုကိုလည်း လျော့ပါးအောင် လုပ်ယူပါတော့တယ်၊၊
မနက်ခင်းမှ ညနေတိုင်အောင် အမြဲပြောင်းလဲနေတတ်တဲ့ ကျွန်တော်တို့ရဲ့ လောကသဘာဝကြီးကို နားလည် ကြည့်မြင် တတ်ဖို့လိုပါတယ် ၊၊မနှစ်မြို့ဖွယ်ရာ အခြေအနေတစ်ရပ်ကို ပျော်ရွှင်ဖွယ်ရာအခြေ အနေတစ်ခုအဖြစ် ပြောင်းလည်းလုပ်ယူဖို့
မျှော်လင့်ချက်တွေ အားအင်တွေကို ကြံ့ကြံ့ခိုင်အောင် မွေးမြူထားဖို့လိုပါမယ် ၊၊ အဆိုးဆုံးကို ရင်ဆိုင်ဖို့ အသင့်ပြင်ဆင်ထား
တတ်တဲ့ အလေ့အကျင့်ကတော့ လူတိုင်းကိုယ်စီနဲ့ ရင်းနှီး ကျွမ်းဝင်ပြီးသားပါ ၊၊ ဒါပေမယ့် ကိုယ့်စီကို ရောက်လာတဲ့ အရာ
တိုင်းကို အဆိုးအဖြစ်ထင်မှတ်ယူတတ်တဲ့ အတွေးကိုတော့ ဆွဲဆုတ်ပစ်ဖို့ လိုအပ်မယ်လို့ထင်မိတယ်၊၊ အဆိုးဆုံး အချိန်တွေ
ကို ဖြတ်သန်းနေတဲ့ အခိုက်အတန့်ကာလတွေမှာ အကောင်းဆုံးတွေနဲ့ တွေ့ရတတ် မိတ်ဆက်ရတတ်စမြဲပါ ၊၊ကျော်လွှား လွတ်
မြောက်မှာပါ ၊၊ ကျွန်တော်တို့တွေအားလုံး မကောင်းတဲ့ ဂြိုလ်သိမ် ဂြိုလ်မွှားတွေက ပေါက်ဖွားကြီးပြင်းလာ သူတွေ မဟုတ်
ကြဘူးလေ ၊၊ ၊၊
Tuesday, January 27, 2009
DUAL EXISTENCE

အမြဲဆူညံလှုပ်ရှား နေကြရတဲ့ ပတ်ဝန်းကျင်တွေကြားထဲ နေရတာ တစ်ခါတစ်ရံမှာ စိတ်ရှုပ် ငြီးငွေ့မိပါတယ် ၊၊
နောက်ဆုံး ကိုယ်တတ်နိုင်တဲ့ တိတ်ဆိတ်ငြိမ်သက်မှုတစ်ခုကို တစ်ယောက်တည်း အခန်းပိတ်ပြီး ရှာဖွေကြည့်ခဲ့
မိတယ်၊၊ တိတ်ဆိတ် ငြိမ်သက်မှု ဆိုတဲ့အရာကို ဒီတစ်ဒင်္ဂအချိန်မှာ ဘာကြောင့်လိုချင်နေခဲ့မိတာကို ကိုယ်တိုင်
လည်း မဝေခွဲတတ်၊၊ အကြောင်းပြချက် တစ်စုံတစ်ရာကိုလည်း မပေးချင်တော့ ၊၊ ခိုင်လုံမှုမရှိတဲ့ ပြင်ပအလိုဆန္ဒ
တစ်ခုခုကြောင့်သာ ထင်ပါရဲ့ ၊၊
ဘာပဲဖြစ်ဖြစ် ဒီအခန်းငယ်လေးအတွင်းမှာ ဆူညံမှု အသံဗလံတွေ လျော့ပါးကောင်း လျော့ပါးသွားနိုင်ပါရဲ့ ၊၊ဒီလိုနဲ့ပဲ
ကန့်သတ်မဲ့တဲ့ တိတ်ဆိတ်မှုဟာ ကျနော့် အခန်းငယ်လေးအတွင်း တဖြည်းဖြည်းချင်း နေရာယူလာ ပါတော့တယ် ၊၊
ကျနော့်ကို ချုပ်နှောင်လွှမ်းမိုး စပြုလာပါတော့တယ်၊၊ သေးငယ်တဲ့ တိတ်ဆိတ်ငြိမ်သက်မှုလေးမှ ကြီးကျယ်ခန်းနား
တဲ့ တိတ်ဆိတ်မှုကြီး အဖြစ်သို့ ကျနော့်ကိုပြောင်းလဲပြုစားပါတော့တယ် ၊၊ ဒီအခိုက်အတန့်မှာတော့ တိတ်ဆိတ်ငြိမ်
သက်ခြင်းဟာ ကျနော်ဖြစ်ချင်တဲ့ဆန္ဒကိုလည်း နားလည်မှု မပေးခဲ့ပါဘူး၊၊ သူနဲ့ကျနော်အကြား အကြီးအကျယ်လွဲမှား
မှု တစ်ခုဖြစ်ခဲ့ပါတယ်၊၊ နောက်ဆုံး အခန်းထဲမှာ တိတ်ဆိတ် ငြိမ်သက်ခြင်းသက်သက်(သူ)သာကျန်နေရစ် ခဲ့ပါတယ် ၊၊
တစ်ခါတစ်ရံမှာ တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်တွေဟာလည်း ကျနော့်ကို ဆူညံမှုအနှောက်အယှက် ပေးနေပြန်
ပါတော့တယ် ၊၊ ၊၊
Friday, January 9, 2009
EQUILIBRIUM

ဒီစကားလုံးလေး နဲ့ ကျနော် အပေါင်းအသင်းဖြစ်နေတာတော့ အတော် ကြာပါပြီ၊၊ စကားမစပ်လို့ ဘယ်သူကိုမှလည်းထုတ်
မပြောမိ၊ ဘယ်သူနဲ့မှလည်း မိတ်ဆက်မပေးဖြစ်ခဲ့ပါဘူး ၊၊ဘ၀မှာ တစ်ခါတစ်ရံ ရှုံးနိမ့်မှုတွေ ၊ စိတ်ပျက် အားငယ်မှုတွေ ၊ အလိုမကျဖြစ်နေမှုတွေ…. အစရှိတဲ့ လူ့အလို နတ်မလိုက်နိုင်တဲ့ အရာပေါင်းများစွာနဲ့ လူတိုင်းလိုလို ရင်းနှီးကျွမ်းဝင်ခဲ့ ၊
ရင်းနှီးကျွမ်းဝင်နေဆဲပါ ၊၊ ဘ၀ရဲ့ ရှုံးနိမ့်မှုဆိုတဲ့ အချိုးအကွေ့ပေါင်းများစွာထဲမှာ မြုပ်ချီ ပေါ်ချီ ဖြစ်တတ်လွန်းတဲ့ ကျနော့်ကို ဒီစကားလုံးလေးက နွံထဲက အကြိမ်ကြိမ် အခါခါ ဆွဲထုတ်ခဲ့ဖူးပါတယ် ၊ဆယ်ယူ ကယ်တင်ခဲ့ဖူးပါတယ် ။ ဒီစကားလုံးလေးဟာ
ကျနော့်ရဲ့ သက်ဝင်နားလည်မှု ၊ ယုံကြည်လက်ခံမှု အသိုင်းအ၀ိုင်းထဲက မိတ်ကောင်းဆွေကောင်း တစ်ယောက်ပါပဲ ၊၊
သူပြောပြတဲ့ ဆက်နွယ်မှု သဘောတရား (Logic) အနေနဲ့ကတော့ ရိုးရှင်းလှပါတယ် ။ သုည နဲ့တစ် ဖွဲ့စည်းထားတဲ့စနစ်
(binary system) တစ်ခုလိုပါပဲ ၊၊ အရိုးရှင်းဆုံး ဥပမာတစ်ခုပေးရရင် စာမေးပွဲဖြေလို့ကျရှုံးတာဟာ အမှန်စင်စစ် ဆုံးရှုံးတာ
မဟုတ်ပါဘူး ၊၊ ဒီအဆင့်ကနေ အောက်ကိုပြန် ဆင်းရတာ မဟုတ်ပါဘူး။ ဒီအဆင့်မှာပဲ ရပ်တန့်နေတာပါ ၊၊ ပူဆွေးနေစရာ
မလိုပါဘူး ၊၊ အနုတ်သဘောဆောင်တဲ့ အရာတွေဖယ်ရှားပစ်ပြီး ၊ ပြန်တက်လှမ်းရင် အထက်ကို ပြန်ရောက်စမြဲပါ ၊၊ ဒီစကား
လုံးလေးဟာ အခြေအနေ အဖြစ်အပျက်ပေါင်းများစွာ အပေါ်လွှမ်းမိုး သက်ရောက်နေတတ်ပါတယ် ၊၊ မာယာများတဲ့ လောက
ကြီးမှာ အောင်မြင်မှုရဖို့ အတွက် ဒီ အတန့် ဆိုတဲ့ ဘူတာကနေ ဖြတ်ကျော်ရစမြဲပါပဲ ၊၊ ကိုယ်လိုချင်တဲ့အရာ အားလုံးကို ဒီ
ဘူတာကနေ စိတ်ကြိုက်ပြောင်းယူ ဖန်တီးပစ်လို့လည်းရပါသေးတယ် ၊၊ ပြောင်းလဲခြင်း အခြေအနေဟာ တစ်ခါတစ်ရံမှာ အလွန်လျင်မြန်လှပေမယ့် တစ်ခါတစ်ရံမှာ ကာလအတိုင်းအတာ တစ်ခုအထိ ပေးဆပ်ရမှုတွေတော့ ရှိတတ်ပါတယ်၊၊ သုညနဲ့
တစ် ဆက်နွယ်မှု သဘောတရား (Logic) ဟာ၊ ဒီဂျစ်တယ် (Digital) လောကကြီးတစ်ခုလုံးကို လိုသလို ဇောက်ထိုး ၊ပြောင်း
ပြန် လုပ်ယူနိုင်စွမ်းရှိသလို ၊ ကျနော် နားလည် လက်ခံတဲ့ ဒီ အတန့် ဆိုတဲ့ စကားလုံးလေးက ကျနော့်ရဲ့ အားငယ်မှု ၊တွေဝေ
မှု ၊ ရှုံးနိမ့်မှုတွေ ကို တွန်းလှန်ပစ်ပေးပါ တယ်။ သိမ်ငယ် ထိတ်လန့်မှုတွေကို အဝေးကို ကိုင်ပေါက် လွှင့်ပစ်ပေးပါတယ် ။ မျက်လှည့်ပြသလိုပါပဲ ၊၊ အရိုးရှင်းဆုံး စကားလုံးလေးတစ်လုံးက တစ်ခါတစ်ခါ အဆန်းပြား အနက်နဲဆုံး လက်နက် တစ်ခု ဖြစ်နေတတ်ပါတယ်။ ဒီအတွက် ပြင်းပြတဲ့ လက်ခံယုံကြည်မှု နဲ့ အပေါင်းလက္ခဏာရှိတဲ့ ကြိုးစားအားထုတ်မှုတွေတော့ မြဲမြဲ
လိုအပ်တယ် ၊၊
ဖြစ်ချင်တိုင်း မဖြစ်တတ်တဲ့ လောကသဘာဝကို ဘေးထွက်ဆိုးကျိုး အဖြစ်နားလည် လက်ခံပါတယ်၊၊ ကျနော်တို့အားလုံးဟာ ယုံကြည်ချက် ၊ အတွေးအမြင် ကိုယ်စီနဲ့ဘ၀ပန်းတိုင်တစ်ခုစီ ကိုချီတက်နေကြသူတွေပါ ၊၊လမ်းခရီးမှာ ထိခိုက်ဒဏ်ရာရမှုတွေ၊ စိတ်ပျက်အားငယ်မှုတွေဟာ ကျနော်တို့ မလွှဲမသွေ ကြုံတွေ့ရမယ့် ခရီးသွား အပေါင်းအဖော် ဧည့်သည်တွေပါပဲ၊၊ ဖြေဆေး ကောင်းကောင်း တစ်ခုကိုမပေးနိုင်ပေမယ့် ၊ ကျနော့်သိတဲ့ ဒီ စကားလုံးလေးက ကွဲပြားခြားနားတဲ့ ဒဏ်ရာတွေအတွက် အနဲ
နဲ့အများ အကူအညီ ပေးနိုင်ခဲ့ရင် ကျနော် ကျေနပ်ပါတယ် ၊၊ ၊၊
Tuesday, December 30, 2008
INDIVIDUALISM

မင်း နဲ့ငါဟာ ဘယ်လိုမှမတူညီတဲ့ တစ်သီးတစ်ခြား ဘ၀ရပ်တည်ရှိနေမှု အတွင်းမှာရှိ နေကြတယ် ၊၊ မင်း ပတ်ဝန်းကျင်၊
မင်းနေထိုင်မှု အကျင့်စရိုက် နဲ့ ငါဟာ လုံးလုံး မတူညီနိုင်သလို ၊မင်းရဲ့ထိန်းချုပ်မှု နဲ့ မင်း ၊ ငါ့ရဲ့ ကိုယ်ပိုင် စီရင်မှု
နဲ့ငါ ၊ သီးခြား ငါတို့နေထိုင်တယ် ၊၊ နီးစပ်မှု မရှိနိုင်တဲ့ ဘ၀လမ်းခရီးကိုယ်စီ ကိုလျှောက်နေကြရတဲ့သူ တွေပဲပေါ့ ၊၊ တစ်သီးတစ်ခြားစီဖြစ်တည်မှု ဆိုတာ စာစကားအရ ခွဲခြမ်းစိတ်ဖြာ လို့မရနိုင်တဲ့ သူတွေ အရာဝတ္တုတွေပါပဲ ၊၊ဒါပေမယ့်
မင်း ရဲ့ခန္ဓာကိုယ်သေးသေးလေးရယ် ၊ငါရဲ့ ခန္ဓာကိုယ် ပုံဆောင်ခဲကို ခွဲခြမ်းစိတ်ပစ်နိုင်ခဲ့ရင် ၊မင်းနဲ့ငါ့အကြားက မတူညီ
မနီးစပ် နိုင်တဲ့ သီးခြားဖြစ်တည်ရှိမှုဆိုတဲ့ တံတိုင်းကြီးကို ဖြိုချပစ်နိုင်ကောင်းပါရဲ့ ၊၊
ဒါဟာ လွယ်ကူလှတဲ့အရာ ၊ဖြစ်စဉ်တစ်ခုတော့ မဟုတ်ဘူး ၊၊နည်းပညာတွေအရ မင်းနဲ့ငါ့အတွက် ပေါင်းစပ်ခြင်း (Fusion)
တွေများစွာလိုအပ်မယ်၊၊ သာမန်ခွဲစိတ်ခြင်းမျိုးနဲ့ မရနိုင်ဘူး၊၊ ဒီနှိုင်းယှဉ်ခြားနားချက်ကြီးကို ကျော်လွန်နိုင်ဖို့အတွက်
ဖော်ပြဖို့ခက်ခဲလှတဲ့ ၊ ရှုပ်ထွေးတဲ့ စိတ်ပိုင်းဆိုင်ရာ ထပ်တူမညီမျှခြင်းပေါင်း များစွာကိုပါ ထည့်တွက်ဖို့လိုအပ်တယ် ၊၊
သက်မဲ့ပစ္စည်း ဓာတုဒြပ်သဘောတွေ ကိုသီးခြားခွဲထုတ် (Isolate) လုပ်ဖို့လွယ်ကူပေမယ့် မင်းနဲ့ငါ တို့သက်ရှိတွေကို ခွဲခြမ်းစိတ်ဖြာဖို့ဆိုတာကတော့ နောက်ဆုံး နယ်ပယ်လွန်တဲ့ ယူဆခံစားချက် တစ်ခုလိုပါပဲ ၊၊
ပုရွှက်ဆိတ် …
ဘယ်လိုပဲဖြစ်ဖြစ် မင်း နဲ့ ငါ့အကြားမှာ တွေးခေါ်ပုံခြင်းတူညီတဲ့ ၊ ဆက်စပ်နေနိုင်တဲ့ အရာတစ်ခုတော့ ရှိနေပါသေးတယ်၊၊
ငါပြောပြချင်တဲ့ အရာလေးတစ်ခုပေါ့ ၊၊ ငါတို့ မရှူံးသေးပါဘူး ၊၊ ဒီအတွက် မင်းရော ငါပါ နားလည်သဘောပေါက်ထား
ဖို့က ငါတို့ကွဲပြားစွာ ဖြတ်သန်းနေကြရတဲ့ ဘ၀ခရီးလမ်းမှာ မင်းရောငါပါ တစ်သီးတစ်ခြားစီ ရပ်တည် လွတ်မြောက်မှု
ရှိနေတယ် ဆိုတာပါပဲ ၊၊ ၊၊













