Monday, June 2, 2008

MYSELF

ကျွန်တော် ….

စာရေးဆရာ တစ်ယောက်မဟုတ်ခဲ့ ….
သို့သော် ….. စာဖတ်ဝါသနာပါ၏ ၊

ကဗျာ ဆရာ တစ်ယောက်မဟုတ်ခဲ့ ….
သို့သော် ….. ကဗျာများ ကိုခံစားတတ်၏ ၊၊

ဂီတ ပညာရှင် တစ်ယောက်မဟုတ်ခဲ့ ….
သို့သော် ….. ဂီတ ကို နှစ်သက်၏ ၊၊

စီးပွါးရေးပါရဂူ တစ်ယောက်မဟုတ်ခဲ့ ….
သို့သော် ….. ပေါင်း နှုတ် မြှောက် စားတတ်၏ ၊၊

သိပ္ပံ ပညာရှင် တစ်ယောက်မဟုတ်ခဲ့ ….
သို့သော် ….. အင်ဂျင်နီယာဘာသာရပ် ကိုစိတ်ဝင်စား၏ ၊၊

နိုင်ငံရေးသမား တစ်ယောက်မဟုတ်ခဲ့ ….
သို့သော် ….. တိုင်းပြည် ကိုချစ်မြတ်နိုး၏ ၊၊

ပုဂ္ဂိုလ်ရေးအယူစွဲသူ တစ်ယောက်မဟုတ်ခဲ့ ….
သို့သော် ….. " သူမ " အား လေးစားဂုဏ်ယူမိခဲ့ပါ၏ ။ ။

4 comments:

  1. စာသားလေးတွေ ရှင်းလင်းပြီး ထိရောက်တယ်ဗျာ။ ကြိုက်တယ်။

    ReplyDelete
  2. ရှင်းတယ် မိုက်တယ် အကိုရေ...ဆက်သာရေး..လာဖတ်မယ် ...:D

    ReplyDelete
  3. တော်သေးတာပေါ့ဗျာ.... ကဗျာဆရာ
    မဟုတ်လို့....D; ရေးထားတာလေး မိုက်တယ်။
    ကျွန်တော်လည်း same to u ပါဗျာ။

    ReplyDelete
  4. ရှင်းရှင်းလေးနဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ ကဗျာတစ်ပုဒ်ပါပဲ :)

    ReplyDelete