Sunday, June 29, 2008

CHOICE

ရွေးချယ်မှု

တစ်ခါတုန်းကပေါ့ ….

သူဟာ သစ်စေ့လေး တစ်စေ့ကိုကောက်ရခဲ့ပါတယ် ၊၊ ကွဲပြားခြားနားတဲ့ ဦးတည်ချက်တွေနဲ့အတူ အဖူးအညှောက်
လေးနှစ်ခုဟာ အဲဒီသစ်စေ့လေးဆီမှ တစ်ဖြည်းဖြည်းနဲ့ထိုးထွက်လာခဲ့ပါတယ် ၊၊ ဘယ်အရာတစ်ခုက မှန်ပြီးဘယ်အရာ
တစ်ခုက မှားတယ်ဆိုတာကိုတော့ သူကိုယ်တိုင်ကောင်းစွာ မဝေခွဲမဆုံးဖြတ်နိုင်ခဲ့ပါဘူး ၊၊ သူ့အတွက် ကတော့ နှစ်ခု
စလုံးဟာ အမှန်တွေပဲအဖြစ် ထင်မြင်တွေးထင်ခဲ့ပါတယ် ၊၊ဒါကြောင့်လည်း သူဟာနှစ်ခုအနက်မှ တစ်ခုကို ရွှေးချယ်ခဲ့
ပါတယ် ၊၊ အမြဲတမ်းလည်း သူ၏ နှလုံးသားမှာ အမှန်တရားရဲ့မီးအိမ်အဖြစ် ထွန်းညှိထားခဲ့ပါတယ် ၊၊

" အမှန်တရား " ကတော့ ရှုံးနိမ့်တဲ့ သူ့အတွက် အမှားများကို နောက်ဆုံးမှာ ၀န်ခံစေခိုင်း ခဲ့ခြင်း ပါပဲ ၊၊ ၊၊



Photo originally uploaded by
Loren

14 comments:

  1. LIC..LIC ကတော့...လုပ်ပြန်ဘီ
    ဇတ်ကောင် ရှာလိုရှာ.
    တစ်စုံတစ်ရာ ကို ခေါင်းစားလိုစားခိုင်း.
    ကောင်းကင်ကို ပေါ်တက်ခိုင်းလိုခိုင်း
    မြေကြီးကို ဆွခိုင်းလိုဆွခိုင်း..
    လာပြန်ဘီ ခုတော့ သစ်စေ့.မီးအိမ်.အမှန်တရား...
    ဒီမှာ...ဆံပင်တွေဖြူလာဘီနော်....
    ;P....;P

    ReplyDelete
  2. အကောင်းဆုံးထင်တာကို ရွေးတာပါပဲ
    လွှဲမှားသွားတဲ့အခါ အကောင်းဆုံးနေပြီး
    အမှန်ရောက်အောင် ပြင်ဖို့ကြိုးစားပါတယ်..

    ReplyDelete
  3. “အမှန်တရား” ကတော့ ရှုံးနိမ့်တဲ့ သူ့အတွက်အမှားများကို ၀န်ခံစေခဲ့ခြင်းပါပဲ ၊၊ မှန်လိုက်တာ...

    ReplyDelete
  4. ရှင်းပြပါနော် ...ဟီဟီ

    ReplyDelete
  5. a very good one :) and thx for visitng my site par

    ReplyDelete
  6. အဓိပ္ပါယ်ရှိတဲ့ပို့စ်လေးပဲ အကိုရေ..။ ကောင်းတယ်ဗျာ။

    ReplyDelete
  7. ကျွန်တော် အမြင်လေးပြောခဲ့မယ်နော်။
    သစ်စေ့က လူပေါ့ဗျာ။
    အဖူးအညှောက်လေးနှစ်ခုက ကောင်းတဲ့ စိတ်နဲ့  မကောင်းတဲ့ စိတ်....
    ဘယ်အရာတစ်ခုကမှန်ပြီး
    ဘယ်အရာတစ်ခုကမှားတယ်ဆိုတာကို ကာယကံရှင်ကိုယ်
    တိုင်ကတော့ ဝေခွဲရတာ ခက်ပါတယ် ။ မှန်တယ် ထင်လို့  လုပ်တိုင်း မှန်တာမှ မဟုတ်တာ ။
    ဒွန်တွဲ နေတဲ့ အဲဒီစိတ်နှစ်ခု ရဲ့ သရုပ်ဖော်မှု တစ်ခုလို့  ခံစားမိပါတယ် ။

    ReplyDelete
  8. A bud of truth!
    How you are sure that the one you cut out was a true bud??
    Learn lessons from Experience!
    Next time when you grow a plant, let all buds grow until you are clear which one is the bud of truth, then prune others..hee hee..
    Selfish?
    Just Joking. :P

    ReplyDelete
  9. u r ur choices!
    each choice has its own consequences!..its not about choosing the right one, it is about making the best out of what u have chosen! yeh..

    ReplyDelete
  10. အင်း....
    ကျွန်တော့်အကျင့်နဲ့ များသယ်ရင်းလာတူနေလားမသိဘူး
    ကျွန်တော်တော့လူအထင်ကြီးခံချင်ရင် လျှောက်ရေးတာ
    ဒါမှလည်ထွက်ပြီးအလကားအထင်ကြီးအောင်...
    ဟဟဟ
    :)
    စတာပါဗျာခင်လို့ 
    အင်း... တွေးစရာလေးပဲဗျ။
    မိုက်တယ်။

    cheers..!!!!!!

    ReplyDelete
  11. အင်းတစ်ခါတစ်ခါ အကောင်းဆုံးလို့ ရွေးချယ်ခဲ့ဘူးတာတွေက အဆိုးဆုံးဖြစ်တတ်ပါတယ်...:D

    ကောင်းတယ် ...ဟီဟီ

    ReplyDelete
  12. ဆိုလိုတာက အခုတော့ အဖြေပေါ်သွားပြီဖြစ်လို့ နောင်မမှားတော့ဘူးလို့ များ ဆိုလိုပါသလားခင်ဗျာ.. :)

    ReplyDelete
  13. အမှားများကိုဝန်ခံခြင်းက အမှန်တရား တဲ့ လား တစ်ခါခါ အမှန်တရားဆိုတာကြီးကို ကြောက်လာပြီးးးး

    ReplyDelete
  14. သတ္တိရှိသူတွေသာ အမှားကို ၀န်ခံရဲတာဗျ။ တော်ရုံလူတွေ ၀န်မခံဘူး။ အမှားကို ၀န်ခံရဲတာလဲ ကြီးကျယ်မြင့်မြတ်မှု တခုပါပဲဗျာ။

    ReplyDelete