Wednesday, July 23, 2008

QUANTUM


လိုအပ်ပမာဏ


သဘာဝတရားက အရာအားလုံးကို ပြီးပြည့်စုံအောင် စွမ်းဆောင်ပေးပါတယ်၊၊ သစ်တောအုပ်ကြီးထဲမှာ သစ်ပင်တွေ
လဲပြိုကျနေတာကို ဘယ်သူမျှ ဂရုမစိုက်ခဲ့ပါဘူး ၊၊ဘယ်သူမျှ စိုးရိမ်ကြောင့်ကြ ခြင်းမရှိခဲ့ပါဘူး ၊၊ အကယ်၍ တစ်စုံ တစ်ယောက်ကသစ်ပင်တွေပြိုလဲကျတာကို မမြင်ခဲ့ မကြားခဲ့ ဘူးဆိုရင်ပေါ့လေ၊၊ အမှန်စင်စစ်မှာသစ်ပင်တွေ ပြိုလဲ
ကျတာကို သင့်မျက်လုံးနဲ့ သင်ကိုယ်တိုင်မမြင်ခဲ့သ၍ မြေပေါ်မှာလဲနေတဲ့ သစ်ပင်တွေအားလုံးက သူ့အလိုလို လဲပြိုကျခဲ့တာပါလို့သင်လက်ခံ နိုင်မှာ မဟုတ်ပါဘူး ၊၊တစ်နည်းအားဖြင့် ခံရသူအတွက် ပြုသူ ဆိုတာရှိရပါတယ်၊၊
ဒီဖြစ်ရပ်မှာ သင်ဟာ တစ်ခု တည်းသော ပြုသူ ပါပဲ၊၊ သစ်ပင်တွေလဲကျတာကို စိတ်နဲ့လက်ခံလိုက်လို့ပါ၊၊

ဒီသဘောတရား အတိုင်းပါပဲ ......
လောကရှိ စစ်မှန်တဲ့အကြောင်းအရာအဖြစ်အပျက်များအားလုံးဟာ လိုအပ်ပမာဏ(ကွမ်တမ်) တစ်ခုပါ ၊၊ဘယ်မှာ
ဖြစ်ပျက်တယ် ဘာအကြောင်းအရာတွေလဲဆိုတာအားလုံးဟာသင်သိတဲ့အရာ သင်သိနိုင်တဲ့ အရာတွေပါပဲ၊၊ ကွယ်ဝှက်
ထားလို့မရပါဘူး ၊၊အကယ်၍ပိုမိုကန့်သတ်ထိန်းချုပ်တဲ့ အခြင်းအရာများဆို သင်ကပိုပြီးတောင် သိနိုင်စွမ်းပါတယ်၊၊ ၊၊



Photo originally uploaded by
yarijik'
Reference :
Aristotle thur Quantum

13 comments:

  1. ဒီတခါ နည်းနည်းပိုရှုပ်တယ်..
    တချို့ သောအရာများက သိဖို့ခက်ပါတယ်ကွယ်....

    ReplyDelete
  2. လောကရှိ စစ်မှန်တဲ့အကြောင်းအရာအဖြစ်အပျက်များအားလုံးဟာ လိုအပ်ပမာဏ(ကွမ်တမ်) တစ်ခုပါ ၊

    Bro..
    Dar Lay tot narr lae ta lo lo..:P

    ReplyDelete
  3. "သင်ကပိုပြီးသိနိုင်စွမ်းတယ်"

    သိတော့ဝူးဗျာ...ကိုRepublic
    မလိုက်နိုင်တော့ဘူး :/

    ReplyDelete
  4. သူများကိုအတွေးတွေနဲ့ အိပ်ခိုင်းတယ် ဟွန့် ..
    စာကောင်းကောင်းလုပ်

    ReplyDelete
  5. အတွေးတွေကို အတော်ပေးနိုင်တဲ့ republic ပါလားဗျ.

    ReplyDelete
  6. ခေါင်းမူးနေပါတယ်ဆိုမှ.

    ReplyDelete
  7. ခံရသူအတွက် ပြုသူ ဆိုတာရှိပါတယ်။
    မှန်လိုက်တဲ့စကား..

    အရမ်းကောင်းတဲ့ဒဿနစာပေတွေပါလားကိုRepublic
    ..

    ReplyDelete
  8. >>>> ဒီဖြစ်ရပ်မှာ သင်ဟာ တစ်ခု တည်းသော ပြုသူ ပါပဲ၊၊ သစ်ပင်တွေလဲကျတာကို စိတ်နဲ့လက်ခံလိုက်လို့ပါ၊၊
    နားလည်သလိုလိုပဲ။ ဒါပေမဲ့ နဲနဲ နားရှုပ်သွားတယ်။
    သိပ်မြင့်သွားပြီ။

    ReplyDelete
  9. မင်းမြတ်ဘုန်းJuly 24, 2008 5:04 PM

    မှန်ကန်သောအယူအဆတွေပါပဲ။ အဓိက စိတ် နှင့် ဦးနှောက် သဘာဝတရားက သဘာဝတရား ဖြစ်ခြင်းနှင့်ပျက်ခြင်းက ဖြစ်ခြင်းနှင့်ပျက်ခြင်း အဲဒီမှာမှ လက်ခံနိုင်မှုဆိုတာရှိတယ်။ စိတ်ကျေနပ်မှုဆိုတာရှိတယ်
    ခံရသူမှာ ပြုသူရှိလို့ဆိုတာမှန်တယ်။ အားလုံးဟာ သူ့ဟာနဲ့သူ ကျိုးကြောင်းစပ်ဆပ်နေတယ်။ မျှတတဲ့ လောကကြီးပါ။ အမှန်တရားက ရှိနေပါတယ်။
    ကောင်တယ်ဗျာပို့လေးတွေ အားရစရာလေးတွေပါ။

    ReplyDelete
  10. Keep going up, Bro. The more u climb up, the more staircase's you will see.

    ReplyDelete
  11. ဆံပင်တွေများ ဖြူနေမလားပဲဗျ
    တော်တော်ကို တွေးတော စဉ်းစား ရေးထားတဲ့ဘလော့ပဲ
    တိုတိုနဲ့ တွေးတွေး ရေးတာ တတ်လည်းတတ်နိုင်ပါတယ်
    အဆစ်ကလေးတော့ ဖတ်ကြည့်ပါတယ်

    မေတ္တာဖြင့်

    ReplyDelete
  12. နားလည်သလိုလို..နားမလည်သလိုလို..
    အင်း..
    မြင့်သွားပြီ..... ဟီး.. ဝန်ခံလိုက်တာပဲကောင်းပါတယ်။
    :P

    ReplyDelete
  13. နားလည်ဘူးကွယ်.. စကားပြေပြန်ပေး.. ဟတ်ဟတ်.. :) Physics ဆို မုန်းလွန်းလို့..

    ReplyDelete