သစ်စေ့
ကျွန်တော် "သစ်စေ့"လေးရဲ့ဘ၀မှာ အကြီးကျယ်ဆုံး စိမ်ခေါ်မှုကတော့ မသိခြင်းဆိုတဲ့ ကောင်းကင် ၊ လေထု ၊ မိုးရေ နဲ့
နေရောင်ခြည်တွေ ကြားမှာ ရှင်သန်ကြီးပြင်းဖို့ပါပဲ ၊၊ရှေ့မှာ ဘာတွေဆက်ဖြစ်ဦးမယ်ဆိုတာကို ကျွန်တော်ဘာမှမသိနိုင်
သေးပါဘူး ၊၊
ကျွန်တော် "သစ်စေ့"လေးကို ဘယ်သူကမျှ အရေးတယူ လမ်းညွှန်မှုတွေမပေးခဲ့ပါဘူး ၊၊ ကျွန်တော် ဖတ်ရှူမှတ်သားဖို့
အတွက် တရားကျမ်းစာဆိုတဲ့ အရာတွေလည်း ဘာတစ်ခုမှမရှိခဲ့ပါဘူး ၊၊ ဘာပဲဖြစ်ဖြစ် ကျွန်တော် ပြင်ပကိုထိုးထွက်နိုင်ဖို့
အတွက် ရဲဝံ့တဲ့ စွန့်စားမှုတစ်ခု ပြုလုပ်ရမှာပါ ၊၊ ဒီစွန့်စားမှုဟာသေးငယ်တဲ့ သာမာန်အရာတစ်ခု မဟုတ်ဘူးနိုင်ဆိုတာကို
ကျွန်တော်ကောင်းကောင်း နားလည်သဘောပေါက်ထားပါတယ် ၊၊ တိတိကျကျ ပြောရရင် သေခြင်းတရားနဲ့အလဲအလှယ်
ရယူမှုတစ်ခုပါပဲ ၊၊ ကျွန်တော် "သစ်စေ့" လေး ဒီမြေကြီးအတွင်းမှာ သေဆုံးမှ အဖူးအညှောက်လေးတွေ ကတစ်ဖြည်းဖြည်း
စတင်ကြီးထွားနိုင်မှာလေ ၊၊
သစ်စေ့ ၊ အဖူးအညှောက်လေးတွေမှ နှင်းဆီပန်း ၊ နေကြာပန်း ၊ ဒါမှမဟုတ် တစ်ခြားပန်း အမျိုးအစားတစ်ခုခုတော့
ဖြစ်လာမှာပါ ၊၊ ပန်း နာမည်တွေဆိုတာက အရေးမကြီးပါဘူးလေ ၊၊ အဓိကကျတာ ပန်းပွင့်လာဖို့ပါပဲ၊၊ တစ်ခါတစ်ရံ
ပန်းပွင့်ရိုင်းလေးတစ်ပွင့်ကလည်း အဖိုးတန်တဲ့ နှင်းဆီတစ်ပွင့်လိုပဲ လှတတ်တာပဲ မဟုတ်လား၊၊ အမှန်တော့သူတို့တွေ
အားလုံးဟာ ညီ အကိုအရင်းတွေပါပဲ ၊၊သူတို့တွေအားလုံး အတူတူ ဖူးပွင့်ပေးကြ ရတယ်၊၊ သူတို့ တွေအားလုံး အတူတူ
ကြီးထွား ပျော်ရွှင်ကြရတယ် ၊၊ သူတို့ အားလုံးမှာလည်း ကိုယ်ပိုင်မျက်စိတွေ ရှိကြတယ် ၊၊ နောက်ဆုံး သူတို့အားလုံးဟာ
ညီမျှတဲ့ စွန့်စားမှုတွေ ၊ စိမ်ခေါ်မှုတွေကို အတူတူ ရင်ဆိုင်ခဲ့ကြရတာပဲလေ ၊၊
အမှန်စင်စစ် ဒါဟာ သေဆုံးခြင်းနဲ့ ပြန်လည်မွေးဖွားခြင်းတစ်ခုပါ ၊၊ သေဆုံးသွားတဲ့ သစ်စေ့လေးတစ်စေ့မှ ပန်းပွင့်ပေါင်း
များစွာ၊ အသီးပေါင်းများစွာ ၊ အစေ့ငယ်ပေါင်းများစွာကို ပြန်လည်မွေးဖွားပေးလိုက်တာပါပဲ ၊၊သစ်စေ့ငယ်လေးတစ်စေ့ဟာ
ကမ္ဘာမြေကြီးတစ်ခုလုံးကို စိမ်းလန်းအောင် ပြုလုပ်နိုင်စွမ်းရှိတယ် ဆိုတာကိုပြောပြနေသလိုပါပဲ ၊၊ သစ်စေ့လေးတစ်စေ့မှ ဖြစ်
တည် လာတဲ့ သစ်ပင်လေးတစ်ပင်ဟာ သစ်စေ့ငယ်လေး ထောင်ပေါင်းများစွာ ၊ ထိုသစ်စေ့လေးတစ်ခုစီ မှ နောက်ထပ်နောက်
ထပ် သစ်စေ့လေးပေါင်း မြောက်မြားစွာကို လက်ဆင့်ကမ်းရင်းနဲ့ပေါ့လေ၊၊ ပြောမပြနိုင်လောက်အောင် အလွန်တရာကြီးမားတဲ့
ဖန်တီးနိုင်စွမ်း၊ ဖြစ်နိုင်စွမ်းတွေ အားလုံးဟာ သေးငယ်လှတဲ့ သစ်စေ့ငယ်လေးတစ်စေ့ ကိုယ်စီမှာနေရှိပါတယ် ၊၊
သင်ဟာလည်း သက်ရှိ သစ်စေ့လေး တစ်စေ့ပါပဲ ၊၊ ဒါကို အမြဲအမှတ်ရနေဖို့လိုပါတယ် ၊၊ ၊၊
Photo originally uploaded by Studio 950
မှုန်ရီဝေဝါး
-
ဘယ်… ညာ… ဝန်းကျင်တခုလုံးဘာဆို ဘာမှမရှိတာတွေနဲ့ကိုယ့်ကိုယ်ကိုပိတ်… ကာ… ဖုံး… ထား… မိ… ခဲ့…မွမ်းကျပ်လွန်းလှချည်ရဲ့ကွယ်…အရာရာ ဝေဝါးနေပုံများ…ဟိုးအနားမှာ မြင်နေရ...
56 minutes ago













ဧဒင် ရဲ့ ပန်းသီး သီးမဲ့ သစ်စေ့ လေးပါဗျာ
ReplyDeleteအဲဒီသစ်စေ့လေးတွေတိုင်းဟာ မျိုးစေ့မှန်ပြီး အပင်သန်ကြပါစေ...............
ReplyDeleteံhappy birthday
ReplyDeleteဟုတ်ကဲ.. ဒီနေ. သစ်စေ.လေးတစ်စေ့ happy birthday အမှတ်တရ.
ReplyDeleteမှန်၏။ လူသားအားလုံး သက်ရှိ သစ်စေ့လေးတွေပါပဲ။ ပြင်ပကိုထိုးထွက်နိုင်ဖို့ ကြိုးစားနေရမှာပါ။
ReplyDeleteဒါဟာ စွန့်စားခြင်းပဲပေါ့။
အင်း.. ဟုတ်တယ်နော်..
ReplyDeleteဒီလိုအတွေး မတွေးမိတာ ကြာပြီ..
ကောင်းလိုက်တဲ့ အတွေး နဲ့ အရေး.....
ReplyDeleteကြိုက်တယ်ဗျာ.....
မှန်လိုက်တာဦးလစ်ရေ...သစ်စေ့လေးကိုမြေဆီမြေလွှာ
ReplyDeleteကောင်းကောင်းမှာပေါက်ဖွားတိုးထွက်လာနိုင်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်။
အစ်ကို့စာတွေအမြဲလာဖတ်ဖြစ်တယ်
ReplyDeleteကောင်း၏
စကားမစပ် အစ်ကို့မွေးနေ့လား ဒီနေ့က
အင်း.. ဒီပိုစ့်ကိုဖတ်လိုက်တော့လဲ.. လူတစ်ယောက်အနေနဲ့.. ငါဟာ တန်းဖိုးတော့နဲနဲရှိသားလို့တွေးပြီး အားတော့နဲနဲရှိသွားသား..
ReplyDeleteဒါနဲ့.. ဘယ်သူ့မွေးနေ့လဲ.. စာရေးသူမွေးနေ့လား.. ဒါဆိုရင်တော့ နောက်ကျနေပေမဲ့ပြောလိုက်အုံးမယ်.. happy birthday နော်...
အရမ်းအရမ်းကောင်းတဲ့ အတွေးလေးတွေပါ..
ReplyDeleteကိုလစ် အရမ်းတော်..
“အမှန်စင်စစ် ဒါဟာ သေဆုံးခြင်းနဲ့ ပြန်လည်မွေးဖွားခြင်းတစ်ခုပါ ၊၊ ”
ReplyDeleteသစ်စေ့လေးဟာ နိဗ္ဗာန်မရောက်မချင်း သေဆုံးခြင်းနဲ့ မွေးဖွားခြင်း နှစ်ခုကြားမှာ သံသရာလည်နေရမှာပါပဲ။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ပဲပြောရမလား.. ဥပဒ်၊ ဌီ၊ ဘင် ပဲပြောရမလား.. Genetic လို့ပဲပြောရမလား.. အားလုံးနဲ့ ဆိုင်တယ်ပဲပြောရမလား.. တစ်ခုခုပါပဲ။
ReplyDeleteသေသေချာချာတွေးရင်တော့ သစ်စေ့ရဲ့တာဝန်ဟာ မျိုးဆက်ပြန့်ပွားဖို့ဖြစ်ပါတယ်။ ပိုးထိုးသွားလို့ပဲဖြစ်ဖြစ်.. ရသတဏှာကျူးလှတဲ့ သတ္တ၀ါတွေရဲ့ အစားကိုခံလိုက်ရလို့ဖြစ်ဖြစ်.. သဘာဝဘေးအန္တရာယ်ရဲ့ ဖျက်ဆီးမှုကြောင့်ဖြစ်ဖြစ် သစ်စေ့ဘ၀ကနေ အပင်ပေါက်ဘ၀ မရောက်သေးခင် စုတေ သွားရင်တော့ နှမျောစရာပါ။ အညွန့်ကျိုးတယ်လို့ လူတွေပြောပြောနေကြတာထက်ကို ဆိုးပါတယ်။
သင်ခန်းစာ။ ။ မျိုးပွားစေတဲ့ အစေ့များကို စောင့်ရှောက်ပါ။
watch out what you comment
ReplyDeleteAugust 11 : http://nineninesanay.blogspot.com/2008/08/blog-post_11.html story No. 2
August 17 : http://www.myhome16.com/2008/08/blog-post_17.html
same story but bad spelling.
Who is original translator?
သစ်စေ့လေးတစ်စေ့က ဖြစ်ထွန်းလာမဲ့ ပန်းလေးတစ်ပွင့်..
ReplyDeleteဥပမာ.. အဖိုးမဖြတ်နိုင်အောင် တန်မဲ့ “သစ်ခွနက်” တစ်ပွင့် ဖြစ်ကောင်းဖြစ်မယ်..လူတွေက အခေါ်အဝေါ် ဆိုးဆိုးသတ်မှတ်လိုက်တဲ့ “ခွေးသေးပန်း” ဆိုတဲ့ပန်းလေး ဖြစ်ချင်ဖြစ်မယ်..
ဘယ်လိုဘဲ ဖြစ်ဖြစ် သစ်စေ့လေးတစ်စေ့က ဖြစ်တည်လာမဲ့ ပန်းလေးတွေအားလုံးဟာ အချိန်တန်ရင် ညှိုးရ..ကြွေရမှာပါဘဲ..ပန်းလေးလန်းနေတုန်းမှာ၊ မညှိုးလွင့်ခင်မှာ၊ သူမြေမခခင်မှာ၊ ဖြတ်သန်းခဲ့ရတဲ့ စိတ်ဓါတ်တွေ၊ အတွေးအခေါ်တွေ၊ လေနှင်ရာ အလိုက်သင့် ယိမ်းယိုင်ခဲ့ရတာတွေ...အားလုံးအားလုံးဟာ သူ..မြေခပြီးတဲ့နောက်မှာ သင်္ခါရတရားနဲ့ အတူ..........................
..............................၊။
ပန်းလေးဟာ မလိုအပ်တဲ့ မာနတွေနဲ့ တစ်ကိုယ်ကောင်း မဆန်မိခဲ့ဖို့တော့ လိုပါလိမ့်မယ်
(ခင်လေးငယ်)